ပိုင်ကျုံမြို့ အ.လ.က(ခွဲ) ဝင်းကမော့ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ပိုင်ကျုံ စက်တင်ဘာ ၁၂

ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၁၁ ရက်နေ့နံနက် ၁၀ နာရီက အ..က(ခွဲ) ဝင်းကမော့ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းကို ..က(ခွဲ)ဝင်းကမော့‌ ကျောင်းမှ‌ ကျောင်းအုပ်ဆရာမ ဒေါ်မြင့်သန်း‌အေးနှင့်   ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး စနစ်တကျ လက်ဆေးနည်းများ၊ သွားနှင့်ခံတွင်းသန့်ရှင်းရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့ကာ အာဟာရဖြစ်စေမည့် အစားအစာများအားကျွေးမွေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ်ဏ စွမ်းအား ဖွံ့ဖြိုးတိုးတက်လာမည့်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နော်ခူး (ပြန်/ဆက်)