လိပ်သိုဒေသထွက် ကွမ်းသီးအစိုများ စျေးကောင်းရရှိ

လိပ်သို စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ဥယျာဉ်ခြံများ၌ ကွမ်းသီးပင်များကို စီးပွားဖြစ် စိုက်ပျိုးထားကြကြောင်း သိရသည်။

ဒေသခံများမှာ အဆိုပါ ကွမ်းသီးပင်များမှ ကွမ်းသီးများကို ခူးယူပြီး ကွမ်းသီးစို၊ ကွမ်းသီးနုနှင့် ကွမ်းသီးခြောက်များ ပြုလုပ်ရောင်းချကြကြောင်း၊ လိပ်သိုမြို့ပေါ်၌ ကွမ်းသီးအစိုတစ်ပိဿာလျှင် (၆၀၀ဝိ/-) ကျပ်မှ (၈၀၀ဝိ/-) ကျပ်အထိ စျေးကောင်းရလျက်ရှိနေကြောင်း ကွမ်းပင်စိုက်ပျိုးသူ ဒေသခံတစ်ဉီးထံမှ သိရသည်။

လိပ်သိုဒေသတွင်း၌ ကွမ်းပင်များအပြင် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ မရမ်း စသည့် နှစ်ရှည်ပင်များကိုလည်း စီးပွားဖြစ် စိုက်ပျိုးထားကြကြောင်း သိရသည်။

နော်ဖလောရင်း