၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Student Participation initiative) SPI အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်လျက်ရှိ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပညာရေးမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်လာစေရန် အစပျိုးလှုပ်ရှားများအဖြစ် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသားများမှ ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုအသင်းအဖွဲ့ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Student Participation initiative) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်သင်တန်းကို နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ ခရိုင်ပညာရေးမှူး ဦးစောဝါး လယ်ထူးဦးဆောင်ကြီးကြပ်၍ မြို့နယ်ပညာရေးမှူး၊ ဦးမိုးကျော်နှင့် အခြေခံပညာ အထက်တန်းအလယ်တန်း၊ မူလတန်း(လွန်) ကျောင်းအုပ်ဆရာ၊ ဆရာမများ(၄၇)ဦး တက်ရောက်ခဲ့ကြသည်။