ဘားအံတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

ဘားအံ    ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ် ဘားအံတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရုံးဌာနများမှ ဝန်ထမ်းများ စုစုပေါင်း(၆၂၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အမှာစကားပြောကြားပြီးနောက် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးအောင်ဇေဝင်းက ယာဉ်မှတ်ပုံတင်ခြင်း၊ နှစ်စဉ်သက်တမ်းတိုးခြင်း၊ ယာဉ်ကြံ့ခိုင်မှုရှိအောင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် Quick Win အစီအမံ(၅)ချက်အား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဥပဒေရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းဦးက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပြဌာန်းရခြင်း အကြောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေအမိန့် ညွှန်ကြားချက်ပါ စည်းကမ်းချက်များကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများကဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်