ဘားအံမြို့ရှိ မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး
ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းပြုလုပ်သည့် မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဘားအံမြို့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးခန်းမဆောင်၌ စက်တင်ဘာ ၁ ရက်မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။