ကော့ကရိတ် ဇန်နဝါရီ ၂၃
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အချိန်ကြန့်ကြာမှု မရှိစေရေး၊ ဆန္ဒမဲပေးရာတွင်လွယ်ကူလျှင်မြန်စေရေး၊ မဲဆန္ဒရှင်များ၏ မဲစာရင်း အမှတ်စဉ်များ ကြိုတင်သိရှိနိုင်စေရေးတို့အတွက် တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲစလစ်စာရွက်များကို လိုက်လံပေးဝေဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ မဲစလစ်စာရွက်ဖြတ်ပိုင်းတွင် မဲရုံအလိုက် မဲဆန္ဒရှင်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မဲစာရင်းအမှတ်စဉ်နှင့် မဲရုံအမှတ်ပါရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် မဲစလစ်ဖြတ်ပိုင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)