သံတောင်ကြီးမြို့တွင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်မွေးမြူခြင်း လုပ်ကိုင်

သံတောင်ကြီး  ဇွန် ၅

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြသော်လည်း မိသားစုအပိုဝင်ငွေရရှိစေရန် အိမ်မှုကိစ္စတာဝန်ယူဆောင်ရွက်နေသည့် အမျိုးသမီးများက တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို တစ်ပိုင်တစ်နိုင်မွေးမြူကြကြောင်း သိရသည်။ 

ဒေသဝက်များကို အိမ်တွင်ရှိခြင်းဖြင့် အပိုဝင်ငွေရရှိစေရန်အတွက် မွေးမြူခြင်းဖြစ်ကြောင်း၊  ဝက်မ () ကောင်ရှိလျှင် သားပေါက်ပါက အနည်းဆုံး (၁၅) ကောင်မွေးသည့်အတွက် တစ်နှစ်လျှင် ဝက်များမှ ရသောအမြတ်ငွေမှာ (၃၀) သိန်းခန့်ရရှိကြောင်း၊  ဝက်သားပေါက် (၄၅) ရက်ပြည့်လျှင် ရောင်းချပြီး တစ်ကောင်ကိုကျပ် (၃၅၀၀၀၀) ခန့် ရရှိကြောင်း၊  ဝက်သားပေါက်တစ်ကောင် မွေးမြူပါက တစ်နှစ်လျှင်အချိန် (၅၀) ပိဿာမှ (၆၀) ပိဿာအထိ ထွက်ရှိပြီး ဝက်သားတစ်ပိဿာကို ကျပ် (၃၅၀၀၀) အထိရရှိသည့် အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း  တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် ဝက်မွေးမြူခြင်းလုပ်ကိုင်နေသော ဦးစောပရီးထူးထံက သိရသည်။

နော်နော်မူ