မြဝတီ ဇွန် ၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား မော်တော်ယာဉ် နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ ညနေ ၃:၀၀ နာရီက အမှတ် (၄) ရပ်ကွက် မြို့နယ်အကောက်ခွန်ဦးစီးဌာန ရုံးရှေ့၌ ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို အမှတ် (၇၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်လင်းဌေး ဦးဆောင်၍ မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအထောက်အကူပြုဆပ်ကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့သည် ယာဉ်မောင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့်အချက်များ၊ မော်တော်ယာဉ်များအတွက် သတ်မှတ်ဧရိယာအတွင်း မောင်းနှင်ရမည့် မိုင်နှုန်းများအား ရှင်းလင်းပြောကြားပေးပြီး စည်းကမ်းချက်နှင့်အညီ မလိုက်နာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)