ပိုင်ကျုံ ဇွန် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ကစိုကျေးရွာဘုန်းတော်ကြီးကျောင်း၌ မိုးစပါးအထွက်တိုး စိုက်ပျိုးနည်းများနှင့် ကော်ဖီစိုက်ပျိုးမှုလုပ်ငန်း တိုးတက်စေရန် ရည်ရွယ်ပြီး စိုက်ပျိုးပြုစုနည်း အသိပညာပေး ဆွေးနွေးပွဲကို ဇွန်လ ၅ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ မိုးစပါးအထွက်တိုး စိုက်ပျိုးနည်းများ၊ ကော်ဖီစိုက်ပျိုးပြုစုနည်းနှင့် ကော်ဖီစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော တောင်သူများတို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့တွင် ကစိုကျေးရွာအုပ်စုတွင် ကော်ဖီ(၃)ဧက စိုက်ပျိုးကြောင်း၊ ကော်ဖီပျိုးပင်များကို စိုက်ပျိုးရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)