မြဝတီမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Grade -12) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂ​ဗေဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို

မြဝတီ မတ် ၁၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Grade -12) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂ​ဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ အခြေခံပညာအထက်တန်း(ခွဲ)ကျောင်း (၇)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်းတို့မှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ စာရင်းရှိ (၁၃၇)ဦးအနက် ဖြေဆိုသူ (၁၂၇)ဦးရှိရာ (၉၂·၇၀)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြပြီး၊ ဘောဂ​ဗေဒဘာသာရပ်ကို ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူစာရင်း ရှိ(၂၂၄)ဦးအနက် ဖြေဆိုသူ (၂၁၄)ဦးရှိရာ (၈၇,၇၀)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ​ဘာသာရပ်နှင့် ဘောဂဗေဘာသာရပ်များကို မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြပြီး ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူမျာ၊ ဆရာ/ဆရာမများ၊ တပ်ရင်း၊ တပ်ဖွဲ့များကပူးပေါင်း၍အတွင်းစည်း အပြင်စည်းလုံခြုံရေးအဆင့်ဆင့် ကြီးကြပ်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)