ကရင်ပြည်နယ်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ မတ် ၁၇

ကရင်ပြည်နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၃)တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ကရင်ပြည်နယ်အတွင်း အမျိုးသမီးကော်မတီများကို ခရိုင်/မြို့နယ်အဆင့်အထိဖွဲ့စည်းပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ကိုဆောင်ရွက်နေကြောင်း၊ကော်မတီဝင်များအနေနဲ့ ကဏ္ဍအလိုက်အမျိုးသမီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရုံသာမက အကောင်အထည်ဖော်ရာမှာ အမျိုးသမီးများရဲ့အခွင့်အရေးများ မဆုံးရှုံးစေရေး၊ တရားမျှတမှုရှိစေရေးကို  အလေးထားဆောင်ရွက်ပေးဖို့လိုကြောင်း ပြောကြားသည်။

ဆက်လက်၍  ပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူးက ၂၀၂၅-၂၀၂၆ခုနှစ်အတွင်း ကရင်ပြည်နယ် အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး၊ ကော်မတီ ဝင်များက ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်နေသည့်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ ကြောင်းသိရသည်။ အစည်းအဝေးသို့ ပြည်နယ်အမျိုးသမီးသမီး ကော်မတီ(၂၃)ဦး တက်ရောက်သည်။

ပြည်နယ်(ပြန်/ဆက်)