ဘားအံ မတ် ၁၇
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲ စစ်ဆေးခြင်းကို ဘားအံမြို့နယ်တွင် အ-ထ-က (၁) ဘားအံ စာစစ်ဌာန၊ အ-ထ-က (၂) ဘားအံ စာစစ်ဌာန၊ အ-ထ-က(၃) ဘားအံ စာစစ်ဌာန၊ အ-ထ-က (၄) ဘားအံစာစစ်ဌာနတို့တွင် ဇီဝဗေဒဘာသာရပ်၌ ဖြေဆိုရန်စာရင်းသွင်းထားသော ကျောင်းသား၊ ကျောင်းသူ (၉၆၀)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ(၉၃၃)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၁၉)ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုရန်စာရင်းသွင်းထားသော ကျောင်းသား၊ ကျောင်းသူ(၁၂၈၁)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၂၂၈)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၈၆) ရာခိုင်နှုန်း ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲဖြေဆိုပြီးချိန်တွင် အအေးနှင့်မုန့်များ ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)