သံတောင်ကြီးမြို့တွင် ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များ ဈေးကောင်းရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကိုအဓိကလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူ များသည် မိမိတို့၏ ဥယျာဉ်ခြံများအတွင်းတွင်ဆူးပုတ်ပင်များ စိုက်ပျိုးပြီး တစ်ချို့ဆူးပုတ်ပင်များမှာ သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန်သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များကို ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးရောင်းရာတွင်ဈေးကောင်းရရှိကြောင်းသိရသည်။