ကရင်ပြည်နယ်

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်နေ့အကြို ဝတ်ပြုခြင်းပြုလုပ်

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်နေ့ကို ကြိုဆိုသောအားဖြင့်  သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်နေ့အကြိုဝတ်ပြုခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်က အ-ထ-ကကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ကွမ်းသီးများယခင်နှစ်ထက်ဈေးနှုန်းအနည်းငယ်ကျဆင်း

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းကိုအသက်မွေးဝမ်းကျောင်း အဓိကလုပ်ကိုင်အဖြစ်ဆောင်ရွက်လျက်ရှိရာ  ကွမ်းသီးစိုက်ပျိုးလုပ်ငန်းသည်လည်းတစ်ခုအပါအဝင်ဖြစ်ပြီးယခုနှစ်တွင် သံတောင်ကြီးဒေသထွက်ကွမ်းသီးများယခင်နှစ်ထက်ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်းသိရသည်။

ဘားအံမြို့နယ်အတွင်း သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းအပေါ် လွှမ်းမိုးသောအချက်များကို စစ်တမ်းကောက်ယူ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀) မျိုးနှင့်စပ်လျဉ်း၍ အထွက်နှုန်းအပေါ်လွမ်းမိုးသောအချက်များကိုသိရှိနိုင်ရေးအတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက မျိုး၊ မြေ၊ ရေ၊ နည်း/လုပ်အား အစရှိသည့်နည်းလမ်း ၄ သွယ်ကို အခြေခံ၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ တောင်သူများနှင့်ကွင်းဆင်းတွေ့ဆုံ၍ စစ်တမ်းများကောက်ယူလျက်ရှိသည်။

ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ကြည်လွင်မြင့် (မုဒြာ) ရေးသားသော “မျက်နှာသစ်ပြီးမှ သွားတိုက်ပါနှင့် နေ့စဉ်ဘဝနေထိုင်နည်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် သံလွင်မြစ်အတွင်း ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ သံလွင်မြစ်ကမ်းနားလမ်း ညမုန့်ဈေးတန်းနေရာ၌ ကျင်းပရာ ဘားအံမြို့နယ် တိုက်နယ်များနှင့်မြို့နယ်များမှ လှေလှော်အသင်း ၁၂ သင်း ပြိုင်ပွဲဝင်အားကစားသမားပေါင်း   ၄၉၈   ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

မြဝတီမြို့နယ်ရှိတောင်သူများအား ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့် စပ်လျဥ်း၍ စစ်တမ်းကောက်ယူခြင်းနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျေးရွာအုပ်စု ရှိတောင်သူများကို ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဥ်း၍ စစ်တမ်းကောက်ယူခြင်းနှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းရွှေနှင့်ဖလူး၊ မဲ့ထော်သလေး၊ သင်္ဃန်းညီနောင်၊ မဲကနယ်ကျေးရွာအုပ်စုများရှိ တောင်သူများတက်ရောက်ခဲ့ကြသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၌ စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဘားအံ) ၏ အဋ္ဌမအကြိမ် စိုက်ပျိုးရေးဒီပလိုမာနှင့်ပထမအကြိမ် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

လိပ်သို​ဒေသတွင် အာ​ရေဗီးကား ကော်ဖီစေ့များ ဈေးနှုန်းမြင့်တက်ရရှိလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော အာရေဗီးကား ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ကော်ဖီသီးများ တွင်ကျယ်စွာ ခူးယူရောင်းဝယ်ချိန်တွင် ကော်ဖီစေ့များ ဈေးနှုန်းမြင့်တက်ရရှိလာကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေး

ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် မီးဘေးလုံခြုံမှုရှိ‌စေရေးအတွက် ထင်း၊ မီးသွေးသုံးစွဲမှုအခြေအနေ၊ မြို့ပေါ်လူနေအိမ်များအကြား မီး‌သွေးဖုတ်သူများအခြေအနေတို့ကို စစ်ဆေးခြင်း မီးဘေးအန္တရာယ်မကျရောက်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ စစ်‌ဆေးပညာပေးခြင်းတို့ကို ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များသို့ ခရိုင်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံမြို့နယ်ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး စစ်တမ်းကောက်ယူ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းအပေါ် လွှမ်းမိုးသောအချက်များကို သိရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကွင်းဝန်ထမ်းများမှ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို အခြေခံ၍ တောင်သူများနှင့် တွေ့ဆုံကာ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ကျေးရွာများသို့ ကွင်းဆင်းစစ်တမ်းများကောက်ယူလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဝတ်ရည်စမ်းထံမှ သိရသည်။
Subscribe to ကရင်ပြည်နယ်