ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံပြည်သူများက မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိစေရန် ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး  နံရံကပ်စာစောင်ကို  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်း မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေးဆိုင်ရာ အထောက်အပံ့ပေးခြင်း မြို့နယ်အဆင့်သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီကာလ ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ နှစ်တိုနှစ်ရှည်သီးနှံပင်များကို စိုက်ပျိုးလျက်ရှိရာ ကွမ်းသီးပင်များကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။

(၈၁)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံတက္ကသိုလ်၌ကျောင်းသား၊ကျောင်းသူများ အပန်းဖြေရိပ်သာ Recreation Centre ဖွင့်လှစ်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်တွင် အလျား ပေ ၁၁၀ ၊ အနံ ပေ ၉၀ ရှိ RCC နှစ်ထပ် ကျောင်းသား၊ကျောင်းသူများ အပန်းဖြေရိပ်သာ Recreation Centre (RC) ဖွင့်ပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါနယ်မြေရှိ အဆိုပါ အဆောက်အဦတည်နေရာ၌ ကျင်းပသည်။

လိပ်သိုမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေ ပြည်သူများအား ယနေ့နံနက်ပိုင်းက လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ ရှေ့တန်းရောက်တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများချီးမြှင့်

နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေသော ရှေ့တန်း ရောက်တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများပေးအပ်သည့်အခမ်းအနားကို မတ် ၂၃ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

လှိုင်းဘွဲမြို့ မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို လစဉ်(၂၁)ရက်နေ့နောက်ပိုင်းတွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြော

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများ အကြောင်းသိရှိရှောင်ရှား တတ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်

“သစ်တောများနှင့်စီးပွားရေး” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ် ၂၁ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ကွက်သစ်အလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းဆောင်သစ်ဖွင့်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကမြင်ကွက်သစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို မတ် ၂၀ ရက် နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်