ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် Biometric (UID) စနစ်ဖြင့် Smart Card ပြုလုပ်ဆောင်ရွက်ပေး
ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကေ့ာကရိတ်မြို့နယ် ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ ယာယီရုံးဖွင့်လှစ်ထားသည့် အလေးမအားကစားရုံတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။