လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

လိပ်သို မတ် ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ယမန်နေ့နံနက်ပိုင်းက “မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး”အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် လူငယ်များ မူးယစ်ဆေးဝါးအလွဲသုံးရာမှ စွဲစေတတ်သည့်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် နောက်ဆက်တွဲကိစ္စရပ်များစွာတွင် ဖြစ်ပေါ်တတ်သော ဆိုးကျိုးများ စသည့် အကြောင်းအရာများကို ပြသထားရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားရေး ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် အသိပညာပေး TalkShow အစီအစဉ်များကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ဖလောရင်း