သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး မတ် ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိစေရှိစေရန်၊ လူငယ် လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်အောင်၏ လကွယ်ည၏ အလင်းရောင်စာအုပ်အား ယမနေ့ နေ့လယ် (၁) နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးအရာရှိ ဒေါ်နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး  နော်စင်သီယာ (Book   Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာ ခေါင်းစဉ်ငယ်များဖြစ်သည့် ရောင်နီသန်းပြီ၊ ဟောရပြောရခရီးအစ၊ အော်ပရေးရှင်း၊ လကွယ်ည၏အလင်းရော၊ ရခဲ့လေသောဆု စသည့် အကြောင်းအရာများအား စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး  စော‌အဲနာလော(Youth  Club) အဖွဲ့ဝင်က ပြေးလေသူမပု၊ ဝေဒနာနှင့်စေတနာ၊ စာကြည့်တိုက်ဖွင့်ပွဲ၊ ခွဲခွာခြင်း စသည့် အကြောင်းအရာများ ဖတ်ကြားဆွေေးနွေးပြီး တက် ရောက်လာသော (Book  Club /Youth Club) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာရေးဆရာမောင်အောင်၏ လကွယ်ည၏ အလင်းရောင်စာအုပ်ကို ဖတ်ရှုခြင်းဖြင့် လူငယ်များအတွက် အနာဂတ်ခရီးရင့်ကျက်သန်မာလာစေရန် အထောက်အကူပေးခြင်း၊ မကောင်းသည့် အတွေးအခေါ်အယူအဆများအား မိမိတို့၏ စိတ်စေတနာဖြင့် ပြန်လည်မွမ်းမံပြင်ဆင်တတ်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။

နော်နော်မူ