အမြို့မြို့အနယ်နယ်သတင်းများ

Mar 04,2024
ယနေ့ခေတ်လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
Mar 04,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်စာမေးပွဲ၌ ကျောင်းတွင်းဖြေဆိုသူပေါင်း (၂၁၁)ဦးရှိပြီး ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၈)ဦး၊ စုစုပေါင်း(၂၁၉)ဦး တက္ကသိုလ်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
Mar 04,2024
မန္တလေးတိုင်ဒေသကြီး မြင်းခြံမြို့နယ်၌ မီးဘေးအန္တရာယ်ကြို့တွင်ကာကွယ်နိုင်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀နာရီ ၁၅မိနစ်မှအချိန်က အမှတ် (၁၉)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 04,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန် ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
Mar 04,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မစျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုး ထုတ်ပိုးသုံးစွဲ​စေ​ရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 04,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်လူမှုဖူလုံရေးရုံးခွဲမှ MMU ဖြင့် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများကို အမှတ်(၇)ချည်မျှင်နှင့် အထည်စက်ရုံတွင် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Mar 04,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ဂျွန်းတောင်ကျေးရွာ၌ ယနေ့နံနက်(၉)နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Mar 04,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ပါဝင်သော သတင်းစကားလက်ကမ်းစာစောင်စောင်ရေ (၂၂၀) ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်နှင့်အဖွဲ့ဝင်များက ကလိန်အောင်မြို့စစ်ဆေးရေးတံတားထိပ်နှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။