တံတားဦး မတ် ၁၀
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/သူများ လေ့လာဖတ်ရှုနိုင်ရေးကို တံတားဦးခရိုင် အတွက် ကျောင်သုံးပြဌာန်းစာအုပ်များကို မတ်လ ၈ ရက်နေ့၊ နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြောင်းသိရသည်။
တံတားဦးခရိုင်တွင် တံတားဦးမြို့နယ်နှင့်ငါန်းဇွန်မြို့နယ်ဟူ၍ နှစ်မြို့နယ်ပါဝင်ပါကြောင်း၊ တံတားဦး မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အ.ထ.က (ခွဲ)(၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၀)ကျောင်း၊ အ.လ.က(ခွဲ) (၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇)ကျောင်း၊ မူလတန်း(၆၉) စုစုပေါင်း(၁၂၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်းပေါင်း (၉)ကျောင်းရှိပါကြောင်း၊ ဒါ့အပြင် ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၇)ကျောင်း၊ အ.ထ.က (ခွဲ)(၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၀)ကျောင်း၊ အ.လ.က(ခွဲ) (၁၇)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၁)ကျောင်း၊ မူလတန်း(၇၃) စုစုပေါင်း(၁၂၇)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်းပေါင်း(၁၀)ကျောင်းရှိကြောင်းသိရသည်။ အဆိုပါကျောင်းများအတွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ကျောင်းသုံးပုံနှိပ် စာအုပ်များ ဖတ်ရှုလေ့လာနိုင်ရန်အတွက် နိုင်ငံတော်မှ အခမဲ့ထုတ်ဝေဖြန့်ချီခဲ့ရာ ယနေ့အချိန်ထိ တံတားဦးခရိုင်အတွက် ကျောင်းသားကိုင် (သင်ရိုးသစ်) ၊ (သင်ရိုးဟောင်း) စသည့်တို့ကိုGrade -1 ၊ Grade -2 ၊ Grade -3 ၊ Grade -4 ၊ Grade -5 ၊ Grade -6 ၊ Grade -7 ၊ Grade -8 ၊ Grade -9 ၊ Grade -10 ၊ Grade -11 ၊ Grade -12 အတန်းများမှ ကျောင်းသုံးပြဌာန်းစာအုပ်များ ရောက်ရှိလာပြီဖြစ်ရာ ကျောင်သား/သူများအတွက် လာမည့်နှစ် ကျောင်းသား/သူများအား အခမဲ့ ထုတ်ဝေ ဖြန့်ချီသွားမည်ဖြစ်ကြောင်း၊ ဒါ့အပြင်ကျန်ရှိသည့် ကျောင်းသုံးပြဌာန်းများ ဆက်လက်ရောက်ရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တံတားဦခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှချစ်ထံမှသိရသည်။
ရဲတင့်