၂ဝ၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး တိုက်ကွမ်ဒိုအားကစားအဖွဲ့အား ဂုဏ်ပြု

ရန်ကုန် ဇွန် ၂၃

၂ဝ၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး တိုက်ကွမ်ဒိုအားကစားအဖွဲ့အား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၃) နာရီက ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကွမ်ဒိုအသင်းအုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားရာတွင် အောင်မြင်မှုရရှိနိုင်သည့် အားကစားများကို ရွေးချယ်ကာ မေ ၂၀ရက်မှ ဇွန် ၁၅ ရက်နေ့အထိ သုဝဏ္ဏဘူယောင်းအားကစားရုံတွင် စခန်းသွင်းမှုများ ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇွန် ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ရွှေတံဆိပ် (၁၉) ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် ( ၆) ခုနှင့် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဆုစသည့် ပေးအပ်ချီးမြှင့်ခဲ့သည့် တံခွန်စိုက်ဆုဖလားအားလုံးတို့ကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ ယခုလိုအောင်မြင်မှုမျိုးရရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုအားကစားဆပ်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်မှု အုပ်ချုပ်/ နည်းပြများ၏ ကြိုးစားထုတ်မှု အချိန်နှင့်တစ်ပြေးညီ ဟန်ချက်မပျက်ဘဲ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် တိုင်းဒေသကြီးဂုဏ်ကို ဆောင်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကဆုရရှိခဲ့သော ရန်ကုန်တိုင်း ဒေသကြီး တိုက်ကွမ်ဒိုအားကစား အဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)