Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဓါတ်ပုံ/ နံရံကပ်စာစောင်ပြပွဲနှင့် မြို့နယ်ရုံးဝန်ထမ်းများက “သတင်းစကား” လက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ ယနေ့နံနက် ၉ နာရီက ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာ…
Jun 24,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Jun 24,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက လိပ်သိုမြို့၊ အမှတ်(၁)ရပ်ကွက်နှင့်(၂)ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်
Jun 24,2024
တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက် (၉) နာရီက အဆိုပါရုံးတွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး (Albendazole) များ တိုက်ကျွေးပေး
Jun 24,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်အတွင်းရှိ အသက်(၆)လမှ (၅)နှစ်အောက်ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်သည့် Vitamin A နှင့် သန်ချဆေး (Albendazole)များ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်မှ စတင်၍ စုရပ်ဖြစ်သည့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Jun 24,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများ ဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က အုတ်ဖိုဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် နမ့်မော်ဆွမ့် အခြေခံပညာအလယ်တန်းကျောင်း၌ ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးထိုးနှံ
Jun 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု နမ့်မော်ဆွမ့် အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် (၈) နာရီအချိန်က စတင်ကာ ကျောင်းအခြေပြု ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် မြန်မာ့ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂီတနေ့အခမ်းအနားကျင်းပ
Jun 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဇွန်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂီတနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ဒေါပုံမြို့နယ် သင်္ဘောကျင်းမှတ်တိုင် အနီးရှိ PANORAMA Restaurant ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ တာဝန်ရှိသူများ၊ ဒေါပုံမြို့နယ် ဂီတအစည်းအရုံးဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5664
Page
5665
Page
5666
Page
5667
Current page
5668
Page
5669
Page
5670
Page
5671
Page
5672
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department