အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ငွေကြေးထောက်ပံ့မှုအစီအစဥ်အရ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ယနေ့ နံနက် (၉) အချိန်မှစတင်၍ ထောက်ပံ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 17,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 17,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား အ.မ.က(ကြိုးကြာ)ကျောင်း၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က After Lunch tooth.brushing activity ကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် သနပ်ပြင်ကျေးရွာ၊ ကွင်းအမှတ်(၁၀၅၇က)၊ ဦးပိုင်အမှတ် ၅၇-က၊ တောင်သူ ဦးအောင်လွင်၏ လယ်(၁)ဧကပေါ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်သူများထံသို့ ဖြန့်ဖြူးပေးမည့် Drum Seeder များ စမ်းသပ်သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 
Sep 17,2025
မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်တွင် စိုက်ပျိုးရေးသွင်းအားစုများအား  ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းကမ်းနှင့်အညီ ရောင်းချရေး နည်းပညာပေးဆွေးနွေးပွဲကို  စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Sep 17,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကချီးမြှင့်သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၇ရက် နံနက် ၁၀ နာရီက ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပသည်။
Sep 17,2025
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းကို နေ့ စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀နာရီခွဲက ကျင်းပခဲ့သည်။