Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးများ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးတွင် မန်းချောင်းရေ ဒုတိယအကြိမ် ဖြတ်ကျော်စီးဆင်း
Jul 08,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် ယနေ့နံနက် ၁၀ နာရီ အချိန်က မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက် မန်းချောင်းရေများ ဒုတိယအကြိမ် ဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်
Jul 08,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ၂၀၂၄ ခုနှစ် မတ်လထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၇) ကြိမ်မြောက် ဝါဆိုသင်္ကန်ကပ်လှူပူဇော်ပွဲ ကျင်းပ
Jul 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဘုရားအမှူးရှိသော သင်္ဃာတော်အရှင်သူမြတ်တို့အား မိုးတွင်းကာလတွင် အသုံးပြုအပ်သော ဝဿာဝါသိက ဝါဆိုသင်္ကန်းဆက်ကက်လှူဒါန်းပွဲကို ယနေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ် ပြည်သူ့ဆေးရုံ၌ ငလျင်ဘေးသဏ္ဍာန်တူသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းဆောင်ရွက်
Jul 08,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ငလျင်ဘေးသဏ္ဍာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Jul 08,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့ အခြေခံပညာမူလတန်းကျောင်း(ဟိုဖိုင်)သို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Jul 08,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသား/ကျောင်းသူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီက mobile libraryစနစ်ဖြင့် စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jul 08,2025
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ကြပ်ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈၂၀)ကွင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တူးဖော်ဆောင်ရွက်၍ကျန်ရှိသည့် ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှတရားမဝင်စက်သုံးဆီနှင့်ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး အလေးထားဆောင်ရွက်
Jul 08,2025
မန္တလေးတိုင်းဒေသကြီး မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှ တရားမဝင်စက်သုံးဆီများနှင့်ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး စစ်ဆေးရေးဂိတ်များရှိ ပူးပေါင်းစစ်ဆေးအဖွဲ့များအလိုက် တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတို့ဖြင့် ထိရောက်စွာ တားဆီးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားပြည်သူများသွားလာမှုအခက်အခဲမဖြစ်ပေါ်စေရေး၊ ယာဉ်ကြောကြပ်တည်း မှုနှင့်ရှုပ်ထွေးမှုများမဖြစ်ပေါ်စေရေး စနစ်တကျကြပ်မတ်ကာ တရားမဝင်ကုန်သွယ်မှုတားဆီးရေးလုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3847
Page
3848
Page
3849
Page
3850
Current page
3851
Page
3852
Page
3853
Page
3854
Page
3855
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department