အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရခိုင်ပြည်နယ် MSME အေဂျင်စီနှင့်အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သည့် တည်ဆောက်ရေးလုပ်ငန်း အထောက်အကူပြု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Aug 05,2025
မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာမှ ဒေသခံ တောင်သူ ဦးဇော်၊ ကွင်းအမှတ်(၁၁၁၂)၌  စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးနေမှုကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုအားပေးသည်။
Aug 05,2025
ပုသိမ်ကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၀) စက်မှုလယ်ယာစခန်းမှ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တောင်သူကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Aug 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်ရာသီအလိုက်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာသည့် ယခုအခါ မုန်လာပင်များကိုလည်း  တစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Aug 05,2025
ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ ပရိယတ္တိသာသနဟိတအသင်းတွင် ဝဋံသကာဘွဲ့ရ ဦးဃောသိတာလင်္ကာရာဘိဝံသအား သီးခြားဂုဏ်ပြုပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ချုပ်အကျိုးတော်ဆောင်၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ မိုးကောင်းကျောင်းတိုက် ဇယဝတီကျောင်း ဆရာတော် ဘဒ္ဒန္တသုဇာနဘိဝံသ၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော်  ဘဒ္ဒန္တဝိစိတ္တဘိဝံသ(ဦးဝိရသူ)နှင့်၊ ပရိယတ္တိသာသနဟိတအသင်းမှ အသင်းသားများ တရားနာပရိတ်သတ်များတက်ရောက်ခဲ့ကြသည်။
Aug 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများသည် နှစ်တို၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများအပြင် မိသားစု  အပိုဝင်ငွေရရှိစေရန်အတွက် ငှက်ပျောပင် စိုက်ပျိုးခြင်းကိုလည်း လုပ်ကိုင်ကြသည်။
Aug 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲအား ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 05,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က (၂၇)ကျောင်း‌ အောင်တံခွန်ခန်းမ၌ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။