အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
Aug 06,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 06,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေး၊  တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့်ရသင့်ရထိုက်သော ဓာတ်အားခများမှန်မှန်ကန်ကန်ရရှိရေး
Aug 06,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၌ ဇူလိုင်၂၆ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် ယနေ့နံနက် (၃)နာရီခန့်က  မြေပြိုမှုဖြစ်ပွားပြီး  ရှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ 
Aug 06,2025
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား (ပထမ)အကြိမ်ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘူတာရပ်ကွက် ရတနာအောင်မြေဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။
Aug 06,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ ငွေစာရင်းလုပ်ငန်းအား ဝန်ထမ်းတိုင်း ကျွမ်းကျင်တတ်မြောက်စေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 06,2025
ဘားအံမြို့နယ်၊ လက္ခဏကျေးရွာရှိ မြေဧရိယာ ၃၂၀ ဧကပေါ်တွင် (၈၀)မဂ္ဂဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် တောင်ကလေးကျေးရွာရှိ မြေဧရိယာ ၄၀ ဧကပေါ်တွင် (၁၀) မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုတင်သွင်းသည့် Zeya & Associates Co.Ltd အား ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။