Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Aug 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း ကျောက်တလုံးကြီးမြို့တွင် ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာ့သနပ်ခါးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Aug 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့ ကွင်းပြင်တွင် ယနေ့နံနက်ပိုင်းက မြန်မာ့သနပ်ခါးအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အ.ထ.က(၂) ကျောင်းမှ တာဝန်ခံ ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ “ခင်” သဘာဝသနပ်ခါးထုတ်လုပ်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးခြင်းဆောင်ရွက်
Aug 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပညာရေးဌာန၏ စီစဉ်မှုဖြင့် အခြေခံပညာကျောင်းများတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့တွင် (၂၀၂၅) ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ပထမပတ်) မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု စံပြမိခင်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပ…
Aug 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ပထမပတ်)၊ မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ စံပြမိခင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်၊ ဆီ၊ ဆေး ဆက်ကပ်လှူဒါန်း
Aug 06,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အမှတ်(၄)ရပ်ကွက် ဟိုခုံပရိယတ္တိစာသင်တိုက်၌ ယနေ့နေ့လယ် ၁ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်၊ ဆီ၊ ဆေး ဆက်ကပ်လှူဒါန်းပွဲကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ကိုယ်ဝန်ဆောင်မိခင်၊(၅)နှစ်အောက် ကလေးနှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကျင်းပ
Aug 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီး မိခင်နှင့်မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်စိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်
Aug 06,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ စပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်စိုက်ခင်းများအတွက် မျိုးစေ့နှင့်ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အာဟာရပစ္စည်းများပေးအပ်
Aug 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးနှင့် နေ့စဥ်လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာများကို သိရှိနိုင်စေရေးရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3632
Page
3633
Page
3634
Page
3635
Current page
3636
Page
3637
Page
3638
Page
3639
Page
3640
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department