အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုသည် (၄၆၃) ဦးရှိပြီဖြစ် သဖြင့် ဟုမ္မလင်းမြို့ပေါ်ရှိ ပြည်သူများအနေဖြင့်
Aug 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မှန်ကန်သောမဲဆန္ဒရှင်စာရင်းများပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး ယမန်နေ့ နံနက် (၁၀) နာရီက ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ၂၀၁၉ ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုလျှံငွေမှ တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်အဖြစ်‌ခွင့်ပြု ချထား‌ငွေ ကျပ်သန်း၁၉၀ ဖြင့် ရေဦးမြို့တွင် မြို့လုံခြုံစေရေး Wireless စီစီတီဗီကင်မရာငါးလုံးကို ရန်ကုန်မြို့အခြေစိုက HTET UK Group Company မန်နေဂျာ ဦးအောင်ခိုင်ထွန်း ဦးဆောင် သောအဖွဲ့မှ တာ၀န်ယူတပ်ဆင်လျှက်ရှိသည်။
Aug 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ အထက (ခွဲ) ဇဝဲကျောင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အထက်တန်း အဆင့်(A)အဆင့်
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် CERP အရ မိုးစပါးမျိုး ပြတ်လပ်မှုမရှိစေရန်နှင့် တောင်သူများအနေဖြင့် မျိုး ကောင်း၊ မျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရာတွင်
Aug 25,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွား ဖြစ်ပွားမှုများ မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 25,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Covid -19 စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ကျေးရွာမတည်ရန်ပုံငွေ များကို ကဝမြို့နယ် ဘုမ္မဇိုးကျေးရွာအုပ်စု၊ ဘုမ္မဇိုး ကျေးရွာသို့ ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျေးရွာအရောက် ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။
Aug 25,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဂုံးကျော်တံတားအနီး အင်းစိန်ပန်းခြံနှင့် တောင်သူကုန်း မင်းကြီးလမ်းတို့တွင် ကိုဗစ်-၁၉ အသိပညာ ပေး လက်ကမ်းစာစောင်များကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီတွင် ဖြန့်ဝေခဲ့ကြသည်။