အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
COVID.19 ကာလအတွင်း စီးပွားရေး ထိခိုက်မှုမရှိစေရေးအတွက် စိုက်ပျိုးလုပ်ကိုင်သူတောင်သူများအား (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်းလုပ်ငန်းများကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် အတွင်းရှိ ကျေးရွာ(၁၃)ရွာတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်CERP(Covid-19 Economic Relief Plan) အရ စပါးမျိုးစေ့ထုတ်လုပ်ငန်းတောင်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 24,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေကြီး နစ်မြုပ်ခဲ့သည့် ရေဘေးသင့် အိမ်ထောင်စုဝင်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ဆက်လက် စီမံဆောင်ရွက်ရမည့် အခြေအနေများအတွက် ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ ဝင်များနှင့် ရေဘေးသင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 24,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့နယ် မြန်မာ့စီးပွား​ရေးဘဏ်ခွဲ၌ ပင်စင်စား ဝန်ထမ်းများအတွက် ပင်စင်လစာ များ ကိုသြဂုတ်၂၁ရက်မှစ၍ ထုတ်​ပေးလျက်ရှိ​ကြောင်း သိရှိရသည်။
Aug 24,2020
ကျိုက်မ​ရောမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်သို့​​နေ့စဉ် စာငှား စာဖတ်လာ​ရောက်သူများနှင့် မြို့နယ်ရုံးရှိ ဝန်ထမ်းများအသုံးပြု နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်​ရေး အ​ထောက်အကူပြုပစ္စည်း ဖြစ်သည့် နှာ​ခေါင်းစည်း(mask) များကို ယ​နေ့နံနက် ၁၀နာရီက ပြည်သူ့စာကြည့်တိုက်သို့ လာ​ရောက်လှူဒါန်းခဲ့သည်။
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ (Cash For Work) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
Aug 24,2020
ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၊ စည်ပင်သာယာ​ရေးအဖွဲ့က ပြည်သူများသွားလာမှု အဆင်ပြေရန် အတွက် မြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ​ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အောင်ဆန်း ရပ်ကွက်၊ ညောင်ပင်သာလမ်းအား ကွန်းကရစ်လန်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း လုပ်ငန်းပြီးစီး ခဲ့ကြောင်း သိရသည်။
Aug 24,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် PAUNG SIE FACILITY ၏ပံ့ပိုးမှုနှင့် သံတောင်ကြီး အမျိုးများအဖွဲ့၏ ဦးဆောင်မှုဖြင့် အမျိုးသမီးခေါင်းဆောင်မှုသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။