Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သီပေါတွင် ကွန်ပျူတာသင်တန်း (၁/၂၀၂၀) ဆင်းပွဲနှင့် Computer, Phone, Electronic နှင့် ဒေသထွက် ပစ္စည်းများ ပြပွဲအခမ်းအနား ပြုလုပ်
Feb 24,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကြီးများ စီစဉ်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးသည့် ကွန်ပျူတာသင်တန်း (၁/၂၀၂၀) ဆင်းပွဲနှင့် Computer, Phone, Electronic နှင့် ဒေသထွက်ပစ္စည်းများ ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုလအိ မုလအ ဘုရားတောင်တက်ယာဉ် ကားဂိတ်ဖွင့်လှစ်ခြင်း ကျင်းပ
Feb 24,2020
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မုလအိ မုလအ ဘုရားသို့ အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာနိုင်ရန်နှင့် ဘုရားဖူးပြည်သူများအနေဖြင့် စေတီနှစ်ဆူသို့ လွယ်ကူစွာ သွားရောက်ဖူးမျှော်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် တောင်တက်ယာဉ် ကားဂိတ်အသစ်အား စုကလိမြို့ တာနောထကျေးရွာ မုလအိ မုလအ လမ်းဆုံတွင် ယမန်နေ့က ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်
Feb 24,2020
မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကောင်းမွန်သော စိုက်ပျိုးရေးစနစ် (GAP) နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ
Feb 24,2020
ကောင်းမွန်သော စိုက်ပျိုးရေးစနစ် GAP နည်းပညာပေး ဆွေးနွေးပွဲကို နောင်ချိုမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာစိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေး ကအဖွင့်အမှာစကား ပြောကြားရာတွင် GAP ဆိုသည်မှာ မြေပြင်ချိန်မှ စားသုံးသူလက်ဝယ် ရောက်သည် အထိ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာ ရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်ဖြစ်ပါကြောင်း၊ ကောင်းမွန်သော စိုက်ပျိုးရေးစနစ်ဖြစ်စေရန် (၁) အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ (၂) အာဟာရဓာတ် ပြည့်ဝရေး၊ (၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၄) လုပ်သားတို့၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးတို့သည် အရေးကြီး ပါကြောင်း၊ ကောင်းမွန်သော စိုက်ပျိုးရေးစနစ်ကို လိုက်နာကျင့်သုံးနိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး နောင်ချိုမြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က GAP ဖြင့် စိုက်ပျိုးခြင်း နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြးခဲ့သည်။ ၎င်းနောက် နောင်ချိုမြို့နယ်မှ GAP အသိအမှတ်ပြု လက်မှတ်ရရှိသော KK (+) ခြံအား အသိအမှတ်ပြုလက်မှတ်ကို ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ကျင်းပ
Feb 24,2020
မွန်ပြည်နယ်၊ သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ခဲ့သည့် မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး အသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၄ နာရီခွဲအချိန်က သထုံမြို့၊ သုဝဏ္ဏခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လူထုစက်ဘီးစီးပွဲတော် တာချီလိတ်မြို့တွင်ကျင်းပ
Feb 24,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် MTB Tachileik တို့ ပူးပေါင်း၍ "ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင်" ခေါင်းစဉ်အောက်ရှိ လူထု စက်ဘီးစီးပွဲတော်အား တာချီလိတ်မြို့တာလော့ရပ်ကွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁) ထိပ်မှစတင်၍ ယမန်နေ့ မနက် ၆ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်
Feb 24,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြည်သူများမှ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးဆက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှုခင်းများ လျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Feb 24,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် ယမန်နေ့ နေ့လည် ၁ နာရီအချိန်၌ ခရိုင်၊ မြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မှုခင်းများ လျှော့နည်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26649
Page
26650
Page
26651
Page
26652
Current page
26653
Page
26654
Page
26655
Page
26656
Page
26657
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department