သီပေါ ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၈နာရီက ဘော်ကြိုကျေးရွာတွင် မှော်ဘီ(၂)မျိုး ခေါင်နှံမိုးစပါး စိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချပျိုးထောင်ခြင်းလုပ်ငန်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊
သီပေါမြို့နယ်အတွင်း ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း(၁၀၀)ဧကကို စိုက်ပျိုးသွားရန် လျာထား ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း စိုက်ပျိူးနည်းစနစ်မှန်ကန်စေရေး၊ စပါးမျိုးအလိုက် စိုက်ပျိုးချိန်မှန်ကန်စေရေး၊ သွင်းအားစုများစနစ်တကျသုံးစွဲတတ်စေရေး စသည်တို့ကို စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများကတောင်သူများအား လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေးခြင်းတို့ ကို ဆောင်ရွက်ခဲ့သည်၊၊
အဆိုပါ မိုးစပါးစိုက်ပျိုးရန် ခေါင်နှံဖြင့်မျိုးသန့်ပွားရန်ပျိုးထောင်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ငန်း အတွက် မျိုးစေ့ချ ပျိုးထောင်ခြင်းဖြင့်တောင်သူများအတွက် စပါးမျိုးကောင်းမျိုးသန့်ပွားများလာစေ ရန်၊ စပါးအထွက် ကောင်းစေရန်၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန် လာပြီး စားသုံးမှု ဖူလုံစေရန်နှင့် အကျိုးအမြတ်ပိုမိုရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်၊၊
ခင်လေး(ပြန်/ဆက်)