မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း   ဇွန်    ၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယမန်နေ့ နေ့လည်ပိုင်းက အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းတို့နှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အ.မ.က(မိုင်းဟန်)ကျောင်း စာသင်ဆောင်သစ် ဆောက်လုပ်နေမှုနှင့် အုတ်တံတိုင်းကာရံမည့်အခြေအနေများ၊ အ.မ.က(ဝမ်ဖ)ကျောင်း စာသင်ဆောင်သစ် ဆောက်လုပ်နေမှုနှင့် ဝမ်ဖကျေးရွာ ရေရရှိမှုအခြေအနေများနှင့် အ.မ.က (မိုင်းဟစ်)ကျောင်း စာသင်ဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကာ မိုင်းဟစ်ကျေးရွာနှင့် မိုင်းပန်ကျေးရွာအတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း