Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နွားထိုးကြီးမြို့တွင် COVID-19 ရောဂါပိုး ၄ ဦးထပ်မံ တွေ့ရှိ
Jun 26,2021
နွားထိုးကြီးမြို့၊အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင် နေသော အခြာအဆင့် ဝန်ထမ်းများဖြစ်သော အမျိုးသမီး နှစ်ဦးနှင့်၎င်း မိခင်ဖြစ်သူနှင့် လျှပ်စစ်ဌာန တွင် တာဝန်ထမ်းဆောင်နေသော အမျိုးသားတစ်ဦးတို့သည် အနံ့မရရှိသဖြင့် ၎င်းတို့၏ နေအိမ်များတွင် သွားရောက်၍ COVID-19 ပိုးရှိ/မရှိ စစ်ဆေးနိုင်ရန် ၎င်းတို့၏ Swab များရယူကာ မန္တလေးမြို့ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ပေးပို့ ထားရှိပြီး ၎င်း(၄)ဦးအား H.Q ထားရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်…
Jun 26,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်း တို့ကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင် အထွက်ဖြစ်သည့် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြ…
Jun 26,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် ရခိုင်ပြည်နယ်အတွင်းသို့ အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝင်ရောက် လာသည့် ခရီးသွား ပြည်သူများ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များအား မြို့အဝင်အထွက် ဖြစ်သည့် ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ များပါဝင်သည့်အဖွဲ့မှ ယနေ့နံနက်(၆)နာရီအချိန်တွင် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jun 26,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရှမ်းကြေးရပ်ကွက် ရေအားလျှပ်စစ်လမ်းရှိ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ရုံး တွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ရွှေကျင်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်
Jun 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ပေးအပ် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်
Jun 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက်(၈)နာရီအချိန်က မြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 26,2021
ကော့သောင်းမြို့၊ အမှတ်(၂) စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ပုလုံးတုံတုံး ကျေးရွာအုပ်စု၊ ခရူကျွန်း၊ ရွာသာယာကျေးရွာသို့ နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Jun 26,2021
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ ဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို COVID-19 စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက် ၉နာရီအချိန်က“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဦးထွန်းထွန်းဝင်း (အတွင်းရေးမှူး)က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26625
Page
26626
Page
26627
Page
26628
Current page
26629
Page
26630
Page
26631
Page
26632
Page
26633
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department