ရွှေကျင်မြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရွှေကျင် ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရှမ်းကြေးရပ်ကွက် ရေအားလျှပ်စစ်လမ်းရှိ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ရုံး တွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ရွှေကျင်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင်  စစ်ဗျူဟာအခြေချ (ရွှေကျင်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင် မှ ရွှေကျင်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လစဉ်ထောက်ပံ့ပေးနေသော စားသောက်ကုန် ပစ္စည်းများဖြစ်သော ကြက်သွန်နီ (၁၀)ပိဿာရှိ အိတ်()အိတ်၊ ကြက်ဥ (၄၈၀)လုံး၊ သွားတိုက်ဆေး (၄၈) ဘူးတို့အား စစ်မှု့ထမ်းဟောင်းဥက္ကဋ္ဌ ဦးခင်မြင့် (ဗိုလ်ကြီး-ငြိမ်း) ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စစ်ဗျူဟာအခြေချ (ရွှေကျင်)စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ကျော်ဖုန်းအောင်မှ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ အခြေအနေများ စာသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့ကြောင်း  သိရှိရသည်။

ထွန်းထွန်းဇော်