Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဘားအံမြို့ သံလွင်တံတားအဖွဲ့စုံ စုပေါင်း စစ်ရေးဂိတ်တွင် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုအား သွားရောက…
Jun 26,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အများပြည်သူ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် တရားမဝင် ကုန်စည်စီးဆင်းမှုများ ပပျောက်စေရေးတို့ အတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့၊ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုနှင့် လုံခြုံရေးအဆောက်အဦများ တည်ဆောက်နေမှုလုပ်ငန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ဗဟုသုတများတိုးပွားလာစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးကို ရည်ရွယ်၍ မြိတ်မြို့နယ်စာရေးဆရာများနှင့် ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီအချိန်က “အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ဖြင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး
Jun 26,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံအတွင်း အကြီးဆုံးရေကူးကန်တည်ဆောက်မှုနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
Jun 26,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ မြို့များဖွံ့ဖြိုးစည်ပင်၍ သန့် ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေကြသည့် မြို့နယ်များနှင့် မြို့စည်ပင်သာယာရေးအဖွဲ့များမှ အရာထမ်း၊ အမှုထမ်းများနှင့် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ပြီး နိုင်ငံအတွင်း အကြီးဆုံးရေကူးကန် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျ…
Jun 26,2021
(၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေယာမီးပုံးပျံကွင်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (၈)ဦး ထပ်မံတွေ့ရှိ
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ဝက်လိုင်စင် လုပ်ကိုင် သူသည် ဖျားနာပြီးအနံ့မရသဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများကRapid Test Kit(R T K)စက်ဖြင့် ယမန်နေ့ ညနေပိုင်းက စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူ(၆)ဦး တွေ့ရှိ ခဲ့ပြီး၊ ယနေ့နံနက်ပိုင်းတွင် (၂)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများထံပေးအပ်
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနက မေလမှ စ၍ ပန်းခင်းစီမံချက်ဖြင့်မြို့ နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား စာရင်းများကောက်ယူပြုလုပ်ပေးလျက်ရှိရာ ဆောင်ရွက်ပြီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ၏ လက်ဝယ်အ ရောက်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရေကျော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ၂ ဦးတွေ့ရှိ
Jun 26,2021
မန္တလေးတိုင်းဒေသကြီး ၊မြင်းခြံ မြို့တွင်၊ အသက်၅၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာဖျားနာခြင်းနှင့် အသက်၆၇နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးမှာ အနံ့မရရှိခြင်းတို့ကြောင့် ဇွန်လ ၂၅ ရက်နေ့တွင် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူနေစဉ် Rapid test kit ဖြင့် စစ်ဆေးခဲ့ရာ ၄င်းတို့၂ ဦး မှာ ရောဂါပို့တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26624
Page
26625
Page
26626
Page
26627
Current page
26628
Page
26629
Page
26630
Page
26631
Page
26632
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department