နွားထိုးကြီးမြို့တွင် COVID-19 ရောဂါပိုး ၄ ဦးထပ်မံ တွေ့ရှိ

နွားထိုးကြီး ဇွန် ၂၆

နွားထိုးကြီးမြို့၊အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင် နေသော အခြာအဆင့် ဝန်ထမ်းများဖြစ်သော အမျိုးသမီး နှစ်ဦးနှင့်၎င်း မိခင်ဖြစ်သူနှင့် လျှပ်စစ်ဌာန တွင် တာဝန်ထမ်းဆောင်နေသော အမျိုးသားတစ်ဦးတို့သည် အနံ့မရရှိသဖြင့် ၎င်းတို့၏ နေအိမ်များတွင် သွားရောက်၍ COVID-19 ပိုးရှိ/မရှိ စစ်ဆေးနိုင်ရန် ၎င်းတို့၏ Swab များရယူကာ မန္တလေးမြို့ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ပေးပို့ ထားရှိပြီး ၎င်း(၄)ဦးအား H.Q ထားရှိကြောင်းသိရသည်။

အဆိုပါ အနံ့ပျောက်(၄)ဦးအား Swab များရယူ၍ စစ်ဆေးမှုအရ COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ၎င်းတို့ (၄)ဦးအား နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံရှိ သံဃာဆေး ကုသဆောင်တွင်ထားရှိ ဆေးကုသမှုခံယူလျက်ရှိသည်။ COVID-19 ရောဂါပိုးတွေ့ရှိသူ(၄)ဦးနှင့်ထိတွေ့ဆက်စပ်ခဲ့သူများကို စစ်ဆေးဖော်ထုတ်ပြီး နွားထိုးကြီးမြို့၊ ဘိုးဘွား ရိပ်သာတွင် FQ ထားရှိခဲ့သည်။ နွားထိုးကြီးမြို့တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၆)ဦးရှိပြီး သေဆုံးမှုမရှိကြောင်းသိရသည်။

သန်းအောင်ဇော်