တနိုင်း ဇွန် ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ယနေ့ ကျရောက်သည့် "ကမ္ဘာ့ သစ်ပင်စိုက်ပျိုးရေးနေ့" အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို မြို့နယ်စည်ပင် သာယာရေး အဖွဲ့က ဦးဆောင်၍ တနိုင်းမြို့အဝင် လီဒိုလမ်းမကြီး၊ မြို့ဝင်ဆိုင်းဘုတ်နှင့် စည်းလုံးခြင်း ရုပ်ထုကြား တစ်လျှောက်၌ ယနေ့နံနက်(၈)နာရီ တွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပုန်းညှက်ပင်၊ ငုပင်၊ ရေတမာပင် (၂၅၀) အား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ လဝကဦးစီးအရာရှိ ဦးဘုန်း ကျော်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွမ်းတူး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးသန့်ဇင်နှင့် ဌာနဆိုင်ရာ အရာရှိများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။