ရန်ကုန် ဇွန် ၂၈
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကြီးကြပ်စီစဉ်ဖွင့်လှစ်မည့် သတင်းမီဒီယာသမားများ အရည် အသွေးမြှင့်တင်ရေးသင်တန်း (၁/၂ဝ၂၁)ကို ဇူလိုင်လ ၂၀ ရက်နေ့မှ ၃၁ ရက်နေ့ထိ နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီခွဲအထိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမတွင် သင်တန်းကြေးအခမဲ့ ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းတက်ရောက်မည့် သင်တန်းသားများသည် မိမိအစီအစဉ်ဖြင့် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ပြုမည့် သင်တန်းသား အရေအတွက်ကိုလည်း ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ (၃ဝ) ဦးသာ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။
သင်တန်းမှ နေ့လယ်စာ (Lunch box) တစ်ဘူးစီအပါအဝင် ကော်ဖီ၊ မုန့်များ ဧည့်ခံကျွေးမွေး သွားမည် ဖြစ်ပြီး သင်တန်းကာလပြီးဆုံး၍ သင်တန်းဆင်းပါက သင်တန်းဆင်းလက်မှတ်နှင့်အတူ သတင်းသမား များ သတင်းရယူချိန်တွင် အသုံးပြုရန် ဦးထုပ် (Press helmet) တစ်လုံးစီ ချီးမြှင့်သွားမည်ဖြစ်သည်။
ကန့်သတ်ထားသော သင်တန်းသားဦးရေ (၃ဝ)ထက် ကျော်လွန်နေပါက ကျန်ရှိသောသင်တန်းသား များကို ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်မည့် သင်တန်းတွင် တက်ရောက်ရန် သတ်မှတ်စီစဉ်သွားမည်ဖြစ် သည်။
အဆိုပါသင်တန်းတွင် သတင်းရယူခြင်း၊ ရုပ်မြင်သံကြားသတင်းရယူခြင်း၊ တရားရုံးများတွင် သတင်းရ ယူခြင်း၊ လူမှုကွန်ယက် စာမျက်နှာများတွင်ရှိသော သတင်းများစိစစ်ခြင်း၊ အချက်အလက်အခြေပြု သတင်းရေးသားခြင်း၊ သတင်းမီဒီယာသမားများ သိသင့်သော ပြဋ္ဌာန်းဥပဒေများ၊ ဘာသာပြန်သတင်း ရေးသားခြင်း၊ အကျဉ်းဦးစီးဌာနများတွင် သတင်းရယူခြင်း၊ ရဲစခန်းများတွင် သတင်းရယူခြင်း၊ ဘာသာ ရေးဆိုင်ရာ သတင်းများရယူခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများရယူခြင်း၊ အားကစား သတင်းများ ရယူခြင်း၊ ဆေးရုံများတွင် သတင်းရယူခြင်း၊ ဝန်ကြီးဌာနများတွင် သတင်းရယူခြင်း၊ ပဋိပက္ခဖြစ်စဉ်များမှ သတင်းရယူခြင်း ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သိရသည်။
စန္ဒာမိုး