ကျောက်တန်းမြို့ မြို့မဈေးတွင် ဈေးသည်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေး စစ်ဆေး

ကျောက်တန်း ဇွန် ၂၈

ကိုဗစ်-၁၉ ရောဂါသည် ပြန်လည်ဖြစ်ပွားလာပြီး ရောဂါကူးစက်ခံရမှု လူဦးရေ တိုးမြှင့်လာသည့်အတွက်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများကို  ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ မြို့မဈေးတွင် ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်း Mask တပ်ဆင်ပြီး စနစ်တကျ ရောင်းချ ရေး၊ တစ်ဦးနှင့် တစ်ဦး သတ်မှတ်အကွာအဝေးမှနေ၍ ဈေးရောင်းဈေးဝယ်စေရေး၊ အရာဝတ္တုများကို ကိုင်တွယ် ပြီးတိုင်းလက်သန့်ဆေးရည် (သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကို စနစ်တကျဆေးကြောစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ရေး စည်းကမ်းချက်များအား အလေးထားလိုက်နာစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်တင်မိုးရွှေနှင့် ဝန်ထမ်းများက မြို့မဈေး အတွင်းရှိ အရောင်းဆိုင်ခန်းများတွင် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိအား နေ့စဉ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ဆွေဝင်း