ပလောက်မြို့၊ပြင်ဘုကြီးကျေးရွာအုပ်စုတွင် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးရွယ် အိုများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ပလောက်  ဩဂုတ်  ၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြင်ဘုကြီးကျေးရွာအုပ်စုတွင် ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် နိုင်ငံ့ ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က ပြင်ဘုကြီးကျေးရွာအုပ်စု၊ ဖောင်းတော ကျေးရွာ အလက(ခွဲ)ကျောင်း၌ ကာကွယ်ဆေးထိုး နှံပေးခြင်းကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးရုံတပ်စု(ပလောက်)မှဆရာဝန် သူနာပြု(၅)ဦး နှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် ထိုးနှံပေးခြင်း ဖြစ်သည်။   ပြင်ဘုကြီး ကျေးရွာ အုပ်စုအတွင်းရှိကျေးရွာများအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  Vero-Cell (၁၅၀)လုံးကို ရရှိ၍ တစ်လုံးလျှင်လူ(၂)ဦး နှုန်းဖြင့် စုစုပေါင်း(၃၀၀)ဦး အားဆေးထိုးနိုင်မည်ဖြစ်ရာ အဆိုပါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ပရဟိတအဖွဲ့များကကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ ပလောက်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်စိုးသိမ်းမြင့်နှင့်  ပလောက်တပ်နယ်မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

နှင်းမြူလွင်