မင်းလှမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက်

မင်းလှ  ဩဂုတ်

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့် ပွားမှုမဖြစ်ပေါ်စေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန် ရည် ရွယ်၍  မီးသတ်ဦးစီးဌာနနှင့် ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်ကာကွယ်ရေးအသိ ပညာပေးနှိုးဆော်ခြင်းနှင့်ကိုဗစ်ကာကွယ်ဆေး (Sinophram)
ထိုးနှံရန်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က အသံချဲ့စက်ဖြင့် လည့်လှည်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အသိပညာပေးနှိုးဆော်ရာတွင် "ပြည်သူလူထုအနေဖြင့် ယခုကြုံ တွေ့နေရသော ကိုဗစ်-၁၉ ရောဂါ သည် ကူးစက်မှုပိုမိုမြန်ဆန်သည့် အတွက် မလိုအပ်ဘဲလုံးဝအပြင်မထွက်ကြရန်၊  Stay at Home အစီ အစဉ်တွင် အကျုံးဝင်သည့်မြို့ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းများဆောင်ရွက်ရန်၊ မဖြစ်မနေဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာသွားရန်၊အပြင်သွားလျှင် ပြင်သွားလာခွင့်ကတ်ပြားယူဆောင် သွားရန်နှင့် ဈေးဝယ်ထွက်လျှင် နံနက်()နာရီမှ နံနက်(၁၀)နာရီ အချိန်ထိသာသွားလာရန်၊  နေအိမ်မှ ပြင်ပသို့သွားလျှင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန်၊မင်းလှမြို့နယ်တွင်ဇွန် ၁၆ ရက်နေ့မှ ယနေ့ထိကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူ (၁၆၆၀) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၃၇၉)ဦးသေဆုံးသူ(၅၂) ဦးရှိ၍ ပြည်သူများဂရုစိုက်နေထိုင်ကြရန်"စသည့်အ ချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။

ထို့အပြင် မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးများကို ဆေးထိုးစုရပ်နေရာများတွင်ထိုးနှံပေးလျက်ရှိရာ ရောဂါ ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို မဖြစ်မနေထိုးကြရန် ပြည်သူ များသိရှိနိုင်စေရန် နှိုးဆော်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ် ပြန်/ ဆက်