အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အ ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကား ရာနေရာများတွင် (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးလွင်နှင့် အရာရှိ စစ်သည်၊ မိသားစုများမှ ပုလောမြို့နယ်တွင် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်ရန် အတွက် ငွေကျပ် ၁၀ သိန်းကို  ယနေ့ နံနက် ၉ နာရီက ပုလောမြို့ လယ်ဝိုင်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကောဝိဒ ထံသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး (Sinopharm) ဒုတိယ အသုတ်ထိုးနှံခြင်းကို  ဩဂုတ်လ(၈)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဦးစားပေးအုပ်စုအလိုက် မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Aug 07,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံရန်မချမ်းဘော့မြို့ပေါ်ရှိရပ်ကွက်များတွင် အသံချဲ့စက်ဖြင့်လှည့်လည်နိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅နာရီတွင်ဆောင်ရွက်ခဲ့သည်။
Aug 07,2021
    ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
Aug 07,2021
ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစား​ပေးအဆင့်လိုက် ကျန်းမာ​ရေးဝန်ထမ်းများ၊ လူမှု​ရေးအသင်းများ၊ ပြည်သူများအား ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံ​ပေးခြင်းကို ဇူလိုင်လ(၃၀)ရက်​နေ့ မှစတင်၍ ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။
Aug 07,2021
ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 07,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ဟိုပုံးမြို့နယ်၊ ပင်လောင်း မြို့နယ်၊ဆီဆိုင်မြို့နယ်များတွင်  မြို့နယ်များအလိုက် ရရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး  Sinopharm   အား ပထမအကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။