ဂွမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း စာရေးဆရာဝေဟင်အောင်နှင့် ပရဟိတအဖွဲ့မှ ပြည်သူသို့ အခြေခံစားသောက်ကုန်များလှူဒါန်း

ဂွ      စက်တင်ဘာ      ၁၁

ရခိုင်ပြည်နယ်၊ ဂွမြို့၊ ဒေါင့်ချောင်းကျေးရွာအုပ်စုရှိ ကွင်းကြီးကမ်းနားနှင့် ကွင်းကြီး တောင်နားကျေးရွာတွင် ကိုဗစ်-၁၉ကာလအတွင်း စာရေးဆရာဝေဟင်အောင်နှင့် ပရဟိတအဖွဲ့မှ ပြည်သူသို့ အခြေခံစားသောက်ကုန်များကို ယမန်နေ့ ညနေပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်မှ စာရေးဆရာဝဟင်အောင်နှင့် ပရဟိတအဖွဲ့ကအလှူငွေ (၂၂၁၀၀၀၀) ကျပ်အားWavemoney ဖြင့် ဂွမြို့ရှိ ဒေါ်ချောယဉ်သို့ လွှဲပေးပြီး၎င်းမှ တစ်ဆင့် ဒေါင့်ချောင်းကွင်းကြီးကမ်းနားရွာနေ ဦးဝင်းကြည်နှင့်ဆက်သွယ်ပြီး ဒေါင့်ချောင်း ကျေးရွာ အုပ်စုအတွင်းရှိ ကွင်းကြီးကမ်းနားရွာနှင့် ကွင်းကြီးတောင် နားရွာတို့ မှ အိမ်ထောင်စု(၂၀၀)စု ထံသို့ အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်(၅)ပြည်၊ စားဆီ(၅၀) ကျပ်သား၊ ကြက်ဥ(၃)လုံး၊ ကြက်သွန်နီ (၅၀)သားနှင့် ပဲခြမ်း(၂၅)ကျပ်သားတို့ကို လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်