အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် အသက် ၁၂ နှစ်အောက် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ကလေးစီးဝှီးချဲများကို ယနေ့ နံနက်က ဝမ်းတွင်းမြို့နယ် တမာကုန်းကျေးရွာတွင် အခမဲ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 14,2021
ဧရာ၀တီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်ကဝဲအင်းချောင်း ကျေးရွာအုပ်စု၊ ကဝဲ အင်းချောင်းကျေးရွာ အခြေခံပညာမူလတန်းလွ န်‌ကျောင်းတွင် ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကို ယမန်နေ့ နံနက် ပိုင်းမှစတင်၍ကိုဗစ်-၁၉ စည်း ကမ်းချက်များနှင့်အညီ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
Sep 14,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ် ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
Sep 14,2021
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊သံဃာ၊ သီလရှင်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိနှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၉)နာရီက သိမ်ဇရပ်မြို့ သစ်ဆင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ပြည်သူများ အောက်ဆီဂျင်လိုအပ်လျှင် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Sep 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ရုံးမှ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်း(၅၁)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၆၇) ကတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)၀န် တင်တပ်ရင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့​သည်။
Sep 14,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်း အောင်မြင်နိုင်ရေး အတွက် ပြည်သူလူထုများ ပူးပေါင်း ပါဝင်လိုက်နာရမည့် ကျန်းမာရေးညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Sep 14,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ၊ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များ၊ သီလရှင်ဆရာလေးများ ဆွမ်းကိစ္စ  အဆင်ပြေစေရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် လှူဖွယ်ပစ္စည်းများအား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။