အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့က စစ်ဆေးချက်အရ ကျောက်မဲခရိုင်မြန်မာ့စီးပွားရေးဘဏ်ခွဲ ဝန်ထမ်း ၅ ဦးနှင့် ဘဏ်ဝန်ထမ်းမိသားစုဝင် ၁ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့သောကြောင့် အဆိုပါမြန်မာ့စီးပွားရေးဘဏ်ကို စက်တင်ဘာ ၁၇ ရက်နေ့အထိ ခေတ္တပိတ်သွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။
Sep 12,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ရွေ့လျား     ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးအဖွဲ့သည်  ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း က အေးမြင့်သာယာ ကျေးရွာအုပ်စု အတွင်းရှိ        အေးမြင့်သာယာကျေးလက်ကျန်းမာရေး ဆေးခန်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 12,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့ပြည်သူ့ဆးရုံးနောက်တွင် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင် စက်ရုံ၌ အောက်ဆီဂျင်စက်တပ်ဆင်နေမှု အခြေအနေများကို မြို့နယ် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီက ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လွင် ဦးဆောင်သောဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့နယ် အပြောင်ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
Sep 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျောက်တန်းကျေးရွာအုပ်စု၊ ထမ်းဆမ်း ရွှေတိဂုံရှိ မေတ္တာခမ်းတန်ဓမ္မာရုံ၌ RDT Test-Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီမှ စတင်၍ဆောင်ရွက်ပေးခဲ့ကြသည်။
Sep 12,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၇)ဦးထပ်မံ တွေ့ရှိကြောင်း သိရသည်။
Sep 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ Talk Show  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 12,2021
          တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ အကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိရေး၊ အကျဉ်းသား များအား ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းက  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။