အမြို့မြို့အနယ်နယ်သတင်းများ

May 13,2026
မ​ကွေးတိုင်း​ဒေသကြီး၊​ချောက်ခရိုင်၊​ ချောက်မြို့နယ်အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံး၏ ၂၀၁၂ခုနှစ်လူမှုဖူလုံ​ရေးဥပ​ဒေနှင့်အညီအလုပ်ခွင်တွင်ထိခိုက်​သေဆုံးမှု​ကြောင့် ကျန်ရစ်သူ(​ငွေလုံး​ငွေရင်း) အကျိုးခံစားခွင့်​ပေးအပ်ခြင်းအခမ်းအနားကို‌ မေ၁၂ရက်နံနက်၉နာရီက​​ချောက်/လမ်းရွာ ရေနံမြေလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
May 13,2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ၊ မြေဆီလွှာပြုပြင်ခြင်းအတွက် ထုံးထည့်သွင်းခြင်းနှင့် မျိုးစေ့ထုတ် တောင်သူများအတွက် မျိုးသန့်မျိုးပွား မျိုးစေ့(RS) ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ‌မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ၊ တောင်သူ ဦးစိုးဉာဏ်၏ လယ်မြေ၌ ကျင်းပသည်။
May 13,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံကိန်းအရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ ယနေ့၊ နံနက်က ကတိုက်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ကျင်းပသည်။
May 13,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားစေရန်နှင့် သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ တောင်သူနည်းပညာပေး‌ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 13,2026
၂၀၂၆ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ လယ်ဝေးခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊  ရွှေရတု   ခန်းမတွင် ကျင်းပသည်။
May 13,2026
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 13,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အရင်းအနှီးများရရှိစေရန်အတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ဒေသခံတောင်သူများအား စတင်ထုတ်ချေးပေးကြောင်း သိရသည်။
May 13,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်မည့်တောင်သူများအား သီးနှံမျိုးစေ့များပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုအသီးသီးမှ တောင်သူများတက်ရောက်ကြသည်။