အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၉) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
Nov 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပ ဆောင်ရွက်ခဲ့သည်။
Nov 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခင်​ပြည့်၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သမာဓိလမ်း အမှတ်(၁၁၈၂)၊ (၄၂×၅၅)ပေ၊ RC သုံးခန်းတွဲ(၆)ထပ်၊ (၃)လွှာ(ယာဘက်အစွန်)ရှိ အကျယ်အဝန်း (၁၂×၅၅)ပေ နေအိမ်တိုက်ခန်း၌ ယနေ့နံနက်(၅)နာရီ (၂၄)မိနစ်အချိန်က ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများအသုံးပြု၍ (၄)ပေမီးချောင်းထွန်းထားရာမှ ဝါယာကြိုးများ အပူလွန်ကဲကာ အရည်ပျော်ပြီး အောက်ရှိ အဝတ်ပုံပေါ်သို့ မီးပွားကျရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
Nov 18,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မဲဆန္ဒနယ်မြေပြင်ပသို့ သွားရောက်၍ တက္ကသိုလ်/ကောလိပ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်လျက်ရှိသည်။
Nov 18,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ် (၃၉) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
Nov 18,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောင်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရန် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရေးအတွက် မဲစာရင်းများကိုရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ဆန္ဒမဲစာရင်းများ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။ 
Nov 18,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ပန်စွဲကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ယနေ့နံနက်(၉)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။