Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကလောမြို့နယ်၌ သမဝါယမအသင်းလီမိတက်မှ မိုးစပါးရိတ်သိမ်းမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Nov 18,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ၀ါးရုံပင်ကျေးရွာအုပ်စု၊ ၀ါးရုံပင်ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တံ့ရောင်စီမံကိန်း) စိုက်ပျိုးလျက်ရှိသည့် "ရွှေရင်အေး"မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်း သမ၀ါယမအသင်းလီမိတက်၏ GW-11 မိုးစပါးရိတ်သိမ်းမှုအခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Nov 18,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းနှင့် မုခ်ဦးအသစ် ပြန်လည်တည်ဆောက်နေမှု၊ စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်ပြုပြင်မွမ်းမံနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များ၊ ဂေါပကအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ တက္ကသိုလ်တက်မည့် ကျောင်းသူ၊ ကျောင်းသားများ ကြိုတင်ဆန္ဒမဲပေးခြင်းဆောင်ရွက်
Nov 18,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့် မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင်ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Nov 18,2025
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက အမျိုးသားကဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့(MORS)နှင့် မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)တို့၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မဲပေးစက်ဆိုင်ရာ အသိပညာပေးရှင်းလင်း
Nov 18,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းနှင့်တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် (MEVM) စက်ဆိုင်ရာများ၊ မဲစာရင်းကိစ္စရပ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီဝင်များနှင့် တွေ့ဆုံပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖျာပုံမြို့၊ သီရိအဏ္ဏာဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများ ကျင်းပ
Nov 18,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Nov 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးမြို့တွင် တက္ကသိုလ်၊ ကောလိပ်တက်ရောက်ရန် သွားရောက်ကြမည့်သူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းစာရင်းကောက်ယူ
Nov 18,2025
ရေဦးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အပိုင်း(၂)တွင်ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးနိုင်ရေးနှင့် မဲပေးခွင့်မဆုံးရှုံးစေရေးတို့အတွက် တက္ကသိုလ်၊ ကောလိပ် ကျောင်းများသို့ သွားရောက်ကျောင်းတက်ကြမည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး၊ ကျန်ရှိမှုမရှိစေရေး ကွင်းဆင်းစာရင်းကောက်ယူခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2457
Page
2458
Page
2459
Page
2460
Current page
2461
Page
2462
Page
2463
Page
2464
Page
2465
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department