Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းဖြတ်မြို့နယ်၊ အထက(မိုင်းဖြတ်)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Dec 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် ပထမနှစ်သင်တန်းသား/သူများ မောင်မယ်…
Dec 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် ပထမနှစ်၊ ပထမနှစ်ဝက် သင်တန်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင်နှင့် ဘိုကလေးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ် ကျေးရွာအချို့တွင် တစ်ပိုင်တစ်နိုင် သပြေပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိ
Dec 10,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆောင်းသီးနှံများ၊ ရာသီပေါ်သီးနှံများစိုက်ပျိုးကြသည့်အပြင် သပြေပန်းကို တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ ၂၀၂၄/၂၀၂၅ ပညာသင်နှစ် ယဥ်ကျေးလိမ္မာဆုပေးအပ်ပွဲအခမ်းအနားကျင်းပ
Dec 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အခြေခံပညာဦးစီးဌာန၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူများအား သာသနာတော်ထွန်းကား ပြန့်ပွားစေရန်ရည်ရွယ်၍ ယဥ်ကျေးလိမ္မာစာမေးပွဲဖြေဆိုခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း(အုတ်တွင်း)ကျောင်းအစည်းအဝေးခန်းမတွင် ယဥ်ကျေးလိမ္မာဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးကျွေးမွေးခြင်းအခမ်းအနား ကျင်းပ
Dec 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀:၀၀ နာရီအချိန်ကစတင်၍ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးကျွေးမွေးခြင်း အခမ်းအနားကိုကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အ.မ.က တနင်းသရောကျောင်း၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးရေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Dec 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မဲပရကျေးရွာအုပ်စုရှိ အ.မ.က တနင်းသရောကျောင်း၌ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မြို့မကျောင်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Dec 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မကျောင်း၊ မြင့်မိုရ်ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 10,2024
ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၇/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2457
Page
2458
Page
2459
Page
2460
Current page
2461
Page
2462
Page
2463
Page
2464
Page
2465
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department