မိုင်းရှူး နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ပန်စွဲကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ယနေ့နံနက်(၉)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းစိန်ဝါက ကျောင်းစည်းကမ်းအကြောင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်း စနစ်မှူး ဦးကျော်ဝင်းက ဗလငါးတန်အကြောင်းနှင့် အားကစားအမျိုးမျိုးပြုလုပ်ခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးများ ဟောပြောခဲ့သည်။ ယင်းနောက် နည်းစနစ်မှူး ဦးကျော်ဝင်းက ကျောင်းအုပ်ဆရာမကြီးထံ ဘောလုံး(၂)လုံး၊ဘော်လီဘော(၁)လုံး ပေးအပ်လှူဒါန်းခဲ့သည်။အဆိုပါ ဟောပြောပွဲတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)