Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ
Nov 19,2025
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ သမိုင်းမြို့မဘုန်းတေဇ ရေးသားသည့် “ကိုယ့်အရိုးကိုယ်ချီနိဗ္ဗာန်ဆီ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် (MEVM) မဲပေးစက်ဆိုင်ရာ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်ဆန္ဒမဲပေးခြင်း ကွင်းဆင်းဆောင်ရွက်
Nov 19,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)နှင့် ရပ်ကွက်(၄) ပေါက်တောရပ်၊ မြသိန်းတန်ဘုရားတန်ဆောင်းအတွင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ အမှိုက်ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး အသိပညာပေးဟောပြောပွဲကျင်းပ
Nov 19,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟိုပုံးမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အားလုံးကူညီဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ အမှိုက်ခွဲခြားစွန့်ပစ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်အတွင်းရှိ လယ်ယာများတွင် ဆောင်းသီးနှံများ စိုက်ပျိုးရေး ကွင်းဆင်းစစ်ဆေး
Nov 19,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ရေတာရှည်-ကရင်ချောင်းလမ်း-ထုံးဘိုကြီးလမ်းဘေးဝဲယာများတွင်ရှိသော လယ်ယာမြေများတွင် မိုးစပါးရိတ်သိမ်းပြီးသည့် လယ်ယာမြေများ၌ ရိုးပြတ်များထားရှိ ခြင်းမရှိစေဘဲ ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် ဌာနဆိုင်ရာများမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Nov 19,2025
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" ကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အောင်ပန်းမြေကိုယ်ပိုင် အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Nov 19,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက (အ.မ.က) ကဒါစျေးကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန် မြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်
Nov 19,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 19,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာယမန်နေ့နံနက်က အုတ်တွင်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာနှင့် ညောင်သုံးပင်အုပ်စု၊ သပြေစမ်းကျေးရွာတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2454
Page
2455
Page
2456
Page
2457
Current page
2458
Page
2459
Page
2460
Page
2461
Page
2462
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department