အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် ဆုတောင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဂမ်အမျိုးသားဉယျာဉ် ခါကာဘိုရာဇီခန်းမ၌ ကျင်းပသည်။
Dec 10,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၇)နှစ်မြောက် လွတ်လပ်‌ရေးနေ့အကြို အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်သည်။
Dec 10,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှကြီးမှူး၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အမျိူသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျားမအခြေပြုအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Dec 10,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ကကြီးမှူး၍ ဆယ်အိမ်စုမှူးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ပို့ချခဲ့သည်။
Dec 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Dec 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်လင်းခေတ်မီစံပြကျေးရွာ(SMART VILLAGE)ရှိ အမှတ်(၁၇)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ကြသည်။
Dec 10,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီမှစတင်၍ သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်နှင့် မန်ခိန်ရပ်ကွက်အတွင်း စံပြစိုက်ကွင်း တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်စံပြစိုက်ကွင်းသို့သွား ရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Dec 10,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မီးခိုးမြူငွေ့ညစ်ညမ်းမှုအ‌ကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့သည်။