ငရုတ်ကောင်းမြို့၌ ဆန္ဒမဲပေးနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်

ငရုတ်ကောင်း နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များဖြင့် မြို့အတွင်း ရပ်ကွက်/ကျေးရွာများတွင် သတ်မှတ်စာရင်းပုံစံများဖြင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာသို့ ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများတွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)